685

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနှင့် တအာင်းနှစ်သစ်ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်

ဒေသတွင်းသတင်း / ဒေသတွင်း
13 December 2024

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနှင့် တအာင်းနှစ်သစ်ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်

နမ့်ဆန်၊ ဒီဇင်ဘာလ (၁၃)ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာတွင် ပြုလုပ်ကျင်းပပြုလုပ်ခဲ့သည့် တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနှင့် (၂၇၁၆)နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့သည်။




အဆိုပါအခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ငွံန်ရောတ်မျိုးနွယ်စုများကို ရွေးချယ်စိစစ်ကာ (၂၆)ယောက်မြောက် ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲတစ်ဦးကို ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။






ဦးဆောင်သူ (၂၉)ပါ မျိုးနွယ်စုအကြီးအကဲရွေးချယ်ရေးကော်မတီဖွဲ့က မြို့သစ်ကျေးရွာနေ  အသက်(၈၇)နှစ်ရှိ တာအနွယ်ကို မျိုးနွယ်စုအကြီးအကဲအ​ဖြစ်တင်မြှောက်ခဲ့ပြီး အတွင်းရေးမှူး (၃)ဦးကိုလည်း စိစစ်ရွေးချယ်နိုင်ခဲ့သည်။





ထို့အတူ (၂၇၁၆)နှစ်ပြည့် တအာင်းနှစ်သစ်ကြိုဆိုပွဲကို တစ်ပါတည်း ပြုခဲ့ကျင်းပကာ ထိုအခမ်းအနားတွင် ဗိုလ်ချုပ်တားဘုန်းကျော်မှ (၂၇၁၆) နှစ်သစ်တွင် တအာင်းလူငယ်မောင်မယ်များ၊ တအာင်းမျိုးနွယ်စုများ တွေ့ဆုံခွင့်ရခြင်းသည် ဝမ်းသာပီတိဖြစ်မိကြောင်းနှင့် တအာင်းပြည်အတွင်း တအာင်းလူမျိုးများ အချင်းချင်း စည်းစည်းလုံးလုံးနေထိုင်သွားကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

၎င်းအခမ်းအနားတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ  ကျေးရွာ (၁၃)ရွာရှိ ကျေးရွာဥက္ကဌများ၊ ရပ်မိရပ်ဖများ၊ ဒေသခံလူငယ်များနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၁၅၀)ကျော် တတ်ရောက်ခဲ့ကြသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနှင့် တအာင်းနှစ်သစ်ကြိုဆိုပွဲသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်