681

ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
10 December 2024

ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရ

နောင်ချို၊ ဒီဇင်ဘာလ ၁၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဥ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ(၁၂:၃၀)အချိန်တွင် စစ်ကောင်စီတပ်မှ သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။





ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ထိမှန်ဒဏ်ရာရရှိသည်။





အဆိုပါ ဒဏ်ရာရရှိသည့် အမျိုးသား (၂)ဦးသည် ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိပြီး ၎င်းအမျိုးသမီးမှ  ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုနောက် ကား (၂)စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများရှိ ပြည်သူလူထုများအေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်မရှိစေရန်အလို့ဌာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုကြရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ (၃)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်