နမ့်ဖက်ကာတွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
ကွတ်ခိုင်၊ ဒီဇင်ဘာလ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၁)နယ်မြေ၊ နမ့်ဖက်ကာကျေးရွာတွင် ဆိုင်ကယ်နှင့် ကုန်တင်ယာဥ်တစ်စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်းသည့် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သည်။
ဖြစ်စဥ်တွင် PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် တပ်သား မိုင်အိုက်စိုးသည် ခွင့်ရက်ပြည့်ပြီး ဌာနတွင် တာဝန်ထမ်းဆောင်ရန်သွားစဥ်
မာန်ဟောင်းကျေးရွာအရောက်တွင် ၁၂ဘီးကားတစ်စီးနှင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။
ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ၎င်းအား ကွတ်ခိုင်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပြီး ညနေ (၇း၀၀)နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။
ထိုယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာအား PSLF/TNLA ၏ နမ့်ဖက်ကာတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ကားယာဥ်မောင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ခိုင်ကျေးရွာအထက် ရှုခင်းသာတွင် ကားနှင့် ဆိုင်ကယ်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်းသူ ပွဲချင်းပြီး သေဆုံးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ