နမ့်ခမ်းတွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား
နမ့်ခမ်း၊ ဒီဇင်ဘာလ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ် ကုန်းဆာကျေးရွာတွင် ဖယောင်းတိုင်မှထွန်းထားရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ဒီဇင်ဘာ ၅ ရက် ည(၇း၀၀)နာရီအချိန်တွင် ဦးဆိုင်းအိုက်ကျိုင်းသည် ဘုရားစင်ပေါ် မီးပူဇော်ထားပြီး အပြင်သွားနေစဥ် ထိုမီးတိုင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများ၊ ဆိုင်ကယ်ကလစ်ဘီး (၁)စီး၊ ဆိုင်ကယ် (125)အမျိုးအစား (၂)စီးနှင့် အိမ်အတွင်းသိုလှောင်ထားသည့် ဆန်စပါးများ မီးလောင်ကျွမ်းသွားခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်း(၃၆၀)ကျော် ဆုံးရှုံးသွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားနေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့၏ မီးသတ်ကားများနှင့် ရပ်ကွက်မီးသတ်ကားများဖြင့် သွားရောက်ဝန်းဝိုင်း မီးငြိမ်းသတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ