ကွတ်ခိုင်မြို့နယ်တွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
ကွတ်ခိုင်၊ ဒီဇင်ဘာလ ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မူဆယ်နှင့် နမ့်ဖက်ကာအကြား ပန်ဂျရောပ့်ကုန်းအဆင်းတွင် ပြောင်းဖူးအိတ်များတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၅ရက်တွင် နံနက် (၁၁:၃၀)နာရီအချိန်တွင် နမ့်ဖတ်ကာမှ မိုင်းယု (၁၅၀)မိုင်သို့ ပြောင်းဖူးအိတ်များတင်ဆောင်လာသည့် (၁၂)ဘီးကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးဘေးရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့သည်။
အဆိုပါကားတိမ်းမှောက်မှုတွင် ယာဥ်မောင်းသည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးက မျက်နှာနှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ထိုနေရာတွင် အကွေ့အကောက်များပြီး ကုန်းအဆင်းဖြစ်သောကြောင့် မော်တော်ယာဥ်များ မကြာခဏ တိမ်းမှောက်မှုဖြစ်ပွားလျက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ