667

တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး

ဒေသတွင်းသတင်း / ဒေသတွင်း
02 December 2024

တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး

မိုးမိတ်၊ဒီဇင်ဘာလ (၂)ရက်

တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၈) ကြိမ်မြောက် အမြင့်ဆုံး သိန်း ၅၀၀ ဆုအား တအာင်းပြည် မိုးမိတ်မြို့နယ်၊လက်ခုတ်ပင်ကျေးရွာတွင် နေထိုင်သည့် မသီရီသန္တာကိုမှ ဆွတ်ခူးရရှိသွားသည်။




(၁၈) ကြိမ်မြောက် ထီဖွင့်ပွဲအား တအားပြည် တစ်နေရာတွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဦးဆောင် ဖွင့်လှစ်သည်။

(၁၈)ကြိမ်မြောက် သိန်း(၅၀၀)၏ ဂဏန်းသည် အက္ခရာ C - 17241 ဖြစ်ကာ သိန်း (၅၀၀)ဆုအပြင် သိန်း(၁၀၀) ဆု (၂) ဆု၊ သိန်း(၅၀)ဆု (၂)ဆု၊ သိန်း (၃၀) ဆု(၃) ဆု၊ (၁၀) သိန်းဆု (၅) ဆု၊ (၅) သိန်းဆု (၁၀) ဆု၊(၂)သိန်းဆု (၃၀) နဲ့သွပ်(၆)ဆု စုစုပေါင်း(၅၉)ဆု ပေးအပ်ခဲ့သည်။




ပြီးခဲ့သည့် အောက်တိုဘာလ (၁၇)ကြိမ်မြောက်၏ သိန်း ၅၀၀ ဆုအား နမ့်ခမ်းမြို့နယ် မန်စပ်အုပ်စု မန်စပ်‌ကျေးရွာ ဦးယိုင်စိုးမှ အက္ခရာ(C-38522) ဖြင့် ဆွတ်ခူးရရှိသွားသည်။

ယခုလအတွင်း  ဒေသခံပြည်သူများသည် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် စား၀တ်နေရေးကြပ်တည်းပြီး ထီရောင်းအား ယခင်လထက်  ကျဆင်းလာသည်။





ထိုကြောင့်နို၀င်ဘာလအတွင်း ထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း(၃၀၀)သာ ပေးအပ်ထောက်ပံ့နိုင်ခဲ့သည်။

တအာင်းထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ် (၁၀) မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားသည်။

စာသင်ကျောင်းများအတွက် လိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ‌ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းထီ၏ (၁၈)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား မိုးမိတ်မြို့နယ်မှ ဆွတ်ခူး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်