မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀) လောင်းတွေ့ရှိ
မူဆယ်၊ ဒီဇင်ဘာလ (၂)ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁) နယ်မြေစစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် နိုဝင်ဘာလ (၁)လအတွင်း၌ ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁၀)လောင်းတွေ့ရှိခဲ့သည်။
အဆိုပါ ရုပ်အလောင်းအား မူဆယ်မြို့အတွင်းရှိ ရပ်ကွက်များအတွင်း တွေ့ရှိသကဲ့သို့ ထို့ထဲတွင် ကျန်တစ်လောင်းက တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့သည်။
ထိုပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး အချို့သည် သတ်ဖြတ်ထားခံရသည့် ရုပ်အလောင်းလည်းပါဝင်ပါသည်။
အလားတူ လွန်ခဲ့သည့် အောက်တိုဘာလတွင်လည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ရုပ်အလောင်း(၇) လောင်းတွေ့ရှိခဲ့သည်။
မူဆယ်မြို့သည် စစ်ကောင်စီထိန်းချုပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး လောင်းကစား၊မူးယစ်သုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနှင့် လုယက်မှုများ ယခင်ထက် ပိုမိုများပြားလာပြီး ဒေသခံလူထုများ စိုးရိမ်နေထိုင်ကြရသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ