နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းပြည်တွင်း ဒေသခံ (၃၈)ဦးသေဆုံး၊ (၇၀)ဦး ဒဏ်ရာရရှိမှုနှင့် နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီး
ဒီဇင်ဘာလ ၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်တွင် နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိကာ နေအိမ်(၁၃၀)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး ဦးဇင်း (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိ၊ နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီးဆုံးရှုံးသွားခဲ့သည်။
မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် (၁၃)ဦး နေအိမ် (၁၀)လုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်မှ ပေါင်(၃၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့သည်။
ထို့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
ထို့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ည(၆း၃၅)အချိန်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိကာ နေအိမ်(၂၅)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် စျေးဆိုင်ခန်းအများအပြားလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ