ယမန်နေ့ညနေ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၁၀)ဉီးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ
ကျောက်မဲ၊ ဒီဇင်ဘာလ (၁) ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဉီီးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့သည်။
ဖြစ်စဉ်တွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ (၆:၃၀)အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံး (၂)လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုရပ်ကွက်ရှိ ဒေသခံ (၁၀) ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများအား လိုက်လံရှာဖွေရှင်းလင်းနေပါသည်။
၎င်းဗုံးကြဲတိုက်ခိုက်မှုသည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့အား လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
နောင်ချိုမြို့တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာသို့ ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁၈)သေဆုံးပြီး (၃၄)ဉီး ဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ