638

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး လာရောက်ကြဲချ၊ ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
17 November 2024

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး လာရောက်ကြဲချ၊ ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ


မိုင်းငေါ့၊ နိုဝင်ဘာလ ၁၇ ရက်
သတင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။








ဖြစ်စဥ်တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၁း၃၅)အချိန်တွင် တစ်ကြိမ်၊ (၁၁း၃၈)အချိန်တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်ဖြင့် စစ်ကောင်စီတပ်က  လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသည်။


ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၅) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။







အလားတူ ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂ မမ) လက်နက်ကြီး (၂) လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး  ဒေသခံ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။


စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး လာရောက်ကြဲချ၊ ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်