PSLF/TNLA အဖွဲ့အစည်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူခြင်းဆိုင်ရာ ထုတ်ပြန်ခြင်း
နိုဝင်ဘာလ ၁၅ ရက်
PSLF/TNLA အဖွဲ့အစည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နိုင်ငံရေး၊ စစ်ရေး၊ မူပေါ်လစီနှင့် ရပ်တည်ချက်များအားလုံး ပတ်သက်ပြီး အတည်ပြုချက်ရယူရာတွင်
၁-PSLF/TNLA ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုခြင်း
၂-PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ချက် ထုတ်လွှင့်မှသာ အတည်ဖြစ်သည်။
ထို့ကြောင့် အထက်ပါ၂ခု အတည်ပြုချက်မှလွဲပြီး မည်သူများ၏ မေးမြန်းခြင်း ဖြေကြားခြင်းသည် မိမိတို့ PSLF/TNLA နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။
အထက်ပါ၂ခု အတည်ပြုခြင်းမှလွဲပြီး မည်သူများ၏ မေးမြန်းဖြေကြားမှုကြောင့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မိမိတို့ PSLF/TNLAနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ