634

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀) ထပ်မံကြဲချ၊ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
14 November 2024

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀) ထပ်မံကြဲချ၊ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ နိုဝင်ဘာလ ၁၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။







ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည(၆း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တရားရုံးနှင့် ရဲစခန်းအနောက်တွင်  ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။





ဗုံးကြဲချတိုက်ခိုက်မှုကြောင့်  အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ်(၃)လုံးနှင့် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် လာရောက်ဗုံးကြဲချမှုကြောင့် ဒေသခံနှင့် ခရီးသွားပြည်သူ (၁၁)ဥိီး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။






ထို့အပြင် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း(၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀) ထပ်မံကြဲချ၊ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်