မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ဦးသေ၊ ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာရ
မိုးကုတ်၊ နိုဝင်ဘာလ ၁၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ (၁၃) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖြစ်စဉ်တွင် နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
အနောက်ပိုင်းတွင်လည်း ဒေသခံ (၅) ဦး သေဆုံးပြီး ဒေသခံ (၈)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၁၀) ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့ပါသည်။
မိုးကုတ်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) တွင် တအာင်းတပ်မတော် TNLAက ဇွန်လိုင်လ (၂၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ