621

ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ တအာင်းပြည်အတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြု

ဒေသတွင်းသတင်း / ဒေသတွင်း
05 November 2024

ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ  တအာင်းပြည်အတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြု

တအာင်းပြည်သတင်း၊ နိုဝင်ဘာလ(၅)ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ အကောက်ခွန်ဌာနမှ တအာင်းပြည်အတွင်းရှိ ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကိုဖြေရှင်းနိုင်ရန် တအာင်းပြည်အတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။






ထိုအခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်အတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်ပါသည်။





မြန်မာပြည်(မန္တလေး)မှ တအာင်းပြည်အတွင်းသို့တင်သွင်းလာသည့် သွင်းကုန်များဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမည်မဟုတ်ကြောင်းနှင့် ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်သည်။





သို့သော် PSLF/TNLA၏ အကောက်ခွန်ဌာနမှ အခွန်ကောက်ခံမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး တအာင်းပြည်-တရုတ်ပြည်အကြား သွင်းကုန်/ပို့ကုန်ကုန်ပစ္စည်းများ နှင့် တအာင်းပြည်မှ မြန်မာပြည်(မန္တလေး)သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပြည်သူများ၏ အခက်အခဲများကို စာနာသောအားဖြင့် PSLF/TNLA မှ တအာင်းပြည်အတွင်း သွင်းကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြု
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်