နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက် နေအိမ်များထိခိုက်ပျက်စီး
နောင်ချို၊ နိုဝင်ဘာလ ၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်(၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက် ည(၈း၀၀) နာရီဝန်းကျင်အချိန်၌ စစ်ကောင်စီတပ်မှ ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူနေအိမ် (၇)အိမ်ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတစ်စုံတရာမရှိပေ။
ထို့အပြင် ည(၉း၀၀)အချိန်တွင် စစ်ကောင်စီတပ်စွဲထားသည့် ဒုဌဝတီမြစ်တဖက်ကမ်းမှ နောင်ချိုမြို့အား လက်နက်ကြီးများဖြင့် အကြိမ်(၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်စောစော(၄း၁၃)မိနစ်တွင် တစ်ကြိမ် (၄း၁၆)မိနစ်တွင် (၁)ကြိမ်၊ (၄း၂၄)မိနစ်တွင် (၁)ကြိမ် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၆)လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ