614

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
03 November 2024

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းပြည်သတင်း၊ နိုဝင်ဘာလ၊ ၂ ရက်

တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။





ယမန်နေ့ နိုဝင်ဘာလ(၁)ရက်နေ့ နံနက်စောစော(၄း၁၃)မိနစ်တွင် တစ်ကြိမ် (၄း၁၆)မိနစ်တွင် (၁)ကြိမ်၊ (၄း၂၄)မိနစ်တွင် (၁)ကြိမ် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနှင့် သကြားစက်ရုံတို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၆)လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။




ထိုသို့ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးမွေးဖွားပြီး (၃)ရက်သာရှိသေးသည့် က​လေးမိခင်(မီးနေသည်)(၁)ဦး၊ အသက်(၇၀)နှစ်အရွယ်အဖိုးအို(၁)ဦးနှင့် အသက်(၅၀)နှစ်ဝန်းကျင်ရှိ အမျိုးသား(၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးခဲ့ရသည်။

ထို့အ​ပြင် သံဃာတော်(၂)ပါးနှင့် ဒေသခံပြည်သူ (၄)ဦး စုစုပေါင်း(၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ သကြားစက်ရုံနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။

​ပြီးခဲ့သည့် အောက်တိုဘာလ(၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်နေ အသက်(၆၀)နှစ်ရှိ ဦးသိန်းထွန်း အမျိုးသား(၁)ဉီး သေဆုံးခဲ့ရပြီး အသက်(၅၀)ဝန်းကျင်ရှိ ဒေါ်ပု အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ရသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်