ကျောက်မဲနှင့် မိုင်းငေါ့ကြား ပြိုကျသွားသည့် တံတားအား PSLF/TNLA က ပြန်လည်တည်ဆောက်ပြီးစီး
ကျောက်မဲ ၊ အောက်တို့ဘာလ ၂၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့အကြားရှိ ပြိုကျပျက်စီးသွားသည့် တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူများက ပြန်လည်တည်ဆောက်ပြီးစီးခဲ့ပါသည်။
ထိုတံတားသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)ကတည်းက ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပိတ်ပင်တားဆီးမှုကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိပေ။
ထို့နောက် ကျောက်မဲမြို့အား PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများက တာဝန်ယူပြန်လည်တည်ဆောက်ပေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြီးစီးခဲ့သည်။
အကျယ် ၅ ပေ၊ အရှည် ၂၆ ပေရှိသည့်ထိုတံတားအား ပြန်လည်တည်ဆောက်ရာတွင် ကျပ်သိန်း (၂၁၅၀၀၀၀၀)ကုန်ကျခဲ့ပြီး ယခုအချိန်တွင် ဆိုင်ကယ်များနှင့် မော်တော်ကားများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
ထိုးတံတားသည် နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့နယ်ရှိ ပြည်သူလူထုများ ကုန်စည်ပို့ဆောင်တင်သွင်းရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ