တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) ဖွင့်လှစ်
တအာင်းပြည်သတင်း၊ အောက်တိုဘာ ၂၅ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သည့် တအာင်းပြည်တစ်နေရာတွင် တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နံနက်(၉း၀၀) နာရီမှ နေ့လယ်(၁၁း၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ ဒုရဲချုပ် ဗိုလ်မှူး တားကုန်းနော၊ ဒုခရိုင်းမှူး တားတံင်မျံမ်နှင့် သင်ကြားပေးမည့်ဆရာများက တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။
PSLF/TNLA ရဲချုပ် တားကုင်ခြီရ်မှ တရားဥပဒေစိုးမိုးရေ(အမှုစစ်ဆေးအရာရှိသင်တန်း)တက်ရောက်ပြီး တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် ချမှတ်ထားသည့် ဥပဒေများကို မိမိတို့ကိုယ်တိုင်လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားရန်" လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထိုတရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း)ကာလသည် (၂)လကျော်ကြာမြင့်မည်ဖြစ်ပြီး ဘာသာရပ်ပေါင်း ၁၀ ခုကို ကျွမ်းကျင်ပြီး ဆရာများက သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာများ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သွားမည့်အချက်များ၊ ရာဇသတ်ကြီး၊ တရားမျှသမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့် အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်များ သင်ကြားပေးပါမည်ဖြစ်သည်။
ထိုသင်တန်းတွင် သင်တန်းသား ၂၇ ဦး၊ သင်တန်းသူ ၃ ဦး စုစုပေါင်း ၃၀ ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်သည်။
ထိုဖွင့်ပွဲအခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ ဆရာများနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀)ကျော် တက်ရောက်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ