597

ယနေ့နေ့လည် နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်သည် ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ နောင်ချို၊ အောက်တိုဘာလ ၁၉ ရက် တအာင်းပြည်သတင်း တအာင်းပြည် တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း ယနေ

ဒေသတွင်းသတင်း / ဒေသတွင်း
20 October 2024

ယနေ့နေ့လည် နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်သည် ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ

နောင်ချို၊ အောက်တိုဘာလ ၁၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်တွင် စစ်ကောင်စီတပ်သည် ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။





ယနေ့နေ့လည် (၂း၀၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးဖြင့် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်း  ပေါင်(၅၀၀)ဗုံး တစ်လုံးနှင့် ပေါင်(၃၀၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါဟတ်ရပ်ကွက်ရှိ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




ယနေ့နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သားအဖ (၃)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။




သီပေါမြို့အား တအာင်းတပ်မတော်မှ  အောက်တိုဘာ ၁၂ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး  ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များအား PSLF/TNLA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်သည်  လေကြောင်းမှတစ်ဆင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယနေ့နေ့လည် နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်သည် ပေါင်(၅၀၀)ဗုံးနှင့် ပေါင်(၃၀၀)ဗုံးအသုံးပြုပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ နောင်ချို၊ အောက်တိုဘာလ ၁၉ ရက် တအာင်းပြည်သတင်း တအာင်းပြည် တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း ယနေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်