596

နောင်ချိုမြို့တွင် ယနေ့နံနက် စစ်ကောင်စီသည် ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး၊ (၃)ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
19 October 2024

နောင်ချိုမြို့တွင် ယနေ့နံနက် စစ်ကောင်စီသည် ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး၊ (၃)ဦး ဒဏ်ရာရ

နောင်ချို၊ အောက်တိုဘာလ ၁၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အချိန် စစ်ကောင်စီတပ်သည် ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့သည်။




စစ်ကောင်စီတပ်သည် ယနေ့နံနက်စောစော (၅း၁၅)အချိန်တွင် နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုရပ်ကွက်ရှိ ဦးကျော်၏နေအိမ်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။




ထိုကဲ့သို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပိုင်ရှင် ဦးကျော်၊ ၎င်း၏သမီး (၂)ဦးဖြစ်သည့် မကျော်စုဝေ နှင့် မခင်နဒီကျော်တို့ (၃)ဦး သေဆုံးသွားခဲ့သည်။

ထို့နောက် (၅း၂၅)မိနစ်အချိန်တွင် နောက်တစ်ကြိမ်ထပ်မံလာရောက်ဗုံးကြဲတိုက်ခဲ့ပြီး ဦးပြား၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ ဦးပြားနှင့် ၎င်း၏ဇနီး မငယ်ချော အပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။




သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်မှ နောင်ချို့မြို့အတွင်း  လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်များပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့တွင် ယနေ့နံနက် စစ်ကောင်စီသည် ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး၊ (၃)ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်