595

ယမန်နေ့ သီတင်းကျွတ်ညတွင် စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် နောင်ချိုမြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်၍ (၄)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
18 October 2024

ယမန်နေ့ သီတင်းကျွတ်ညတွင် စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် နောင်ချိုမြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်၍ (၄)ဦးထိခိုက်ဒဏ်ရာရ



နောင်ချို၊ အောက်တိုဘာလ ၁၈ ရက်
တအာင်းပြည်သတင်း



တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ အထွတ်အမြတ်ထား ဘုရားဆီမီးထွန်းညှိပူဇော်ကြသည့် သီတင်းကျွတ်ညတွင် စစ်ကောင်စီတပ်သည် ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။





စစ်ကောင်စီတပ်သည် ယမန်နေ့ည (၉း၄၀)မိနစ်အချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သဖန်ကိုင်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့နောက် (၁၀း၂၀)မိနစ်တွင်တစ်ကြိမ် ထပ်မံလာရောက်ဗုံးကြဲခဲ့ပြီး  နောင်ချိုရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။





ထို့နောက် (၁၁း၂၀) မိနစ်တွင် တစ်ကြိမ်၊ (၁၂း၄၅)မိနစ်တွင် တစ်ကြိမ်၊ နံနက် (၁း၀၀)အချိန်တွင် တစ်ကြိမ် ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝန်းအတွင်း ဗုံး(၄)လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ရပ်ကွက် နယ်မြေ(၂)တွင် ၃ လုံး၊ နယ်မြေ(၁)တွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။



ထိုကဲ့သို့ လူထုများစုဝေးစဥ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးဝါးကုသပေးလျက်ရှိသည်။


ထိုသို့ သီတင်းကျွတ်ညအခါသမယအချိန်တွင် ပြည်သူလူထုများ စုဝေး၍ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေကြသည်ကိုသိလျက် ရဟန်းရှင်လူ ဒေသခံပြည်သူလူထုများကို ဦးတည်ပြီး ထိုကဲ့သို့ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယမန်နေ့ သီတင်းကျွတ်ညတွင် စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် နောင်ချိုမြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်၍ (၄)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်