321

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးပြီး စုစုပေါင်းတံတား (၅) စင်းဖျက်ဆီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
29 June 2024

လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးပြီး စုစုပေါင်းတံတား (၅) စင်းဖျက်ဆီးခဲ့

လားရှိုး၊ ဇွန်လ (၂၉) ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ - လားရှိုးဆက်သွယ်ထားသည့် တံတား (၂)စင်းအား စစ်ကောင်စီတပ်ဖွဲ့မှ ဇွန်လ (၂၇)ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်။

အဆိုပါတံတားသည် မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ အများပြည်သူအသုံးပြုသည့်တံတားဖြစ်သည်။ တံတားပျက်သွားခြင်းကြောင့် ဒေသတွင်း အရပ်သားပြည်သူများ သွားလာရေးနှင့် ရိက္ခာသည်ယူရေးတို့ ရပ်တန့်ခဲ့ရသည်။


ဇွန်လ (၂၅)မှ စတင်၍ တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါ၊ မိုးကုတ် စသည့်မြို့နယ်များ၌ (၁၀၂၇) စစ်ဆင်ရေး ပြန်လည်စတင်ပြီးနောက် ထိုတံတားများအား ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ထိုတံတား (၂)စင်းအပြင် စစ်ကောင်စီသည် လွန်ခဲ့သည့် ​ဇွန်လ (၂၅) ရက်နေ့တွင်လည်း အများပြည်သူအသုံးပြုသည့် ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့အား မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် ဇွန်လ (၁၃) ရက်နေ့တွင်လည်း စစ်ကောင်စီသည် လားရှိုး - မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများ ဖြတ်သွားသည့်လမ်းမကြီး (၃)နေရာအား ကန့်လန့်မြောင်းဖောက်ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ-Facebook
#PSLF/TNLA
#သတင်းနှင့်ပြန်ကြာရေးဌာန

Topics: လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတားနှစ်စင်း စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးပြီး စုစုပေါင်းတံတား (၅) စင်းဖျက်ဆီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်