320

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၁)ဦးသေဆုံးပြီး (၄)ဉီးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
29 June 2024

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၁)ဦးသေဆုံးပြီး (၄)ဉီးထိခိုက်ဒဏ်ရာရ


ဇွန်လ ၂၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂) စစ်‌ဒေသ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ‌မိုးမိတ်မြို့နယ်တိုတွင် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၁)ဉီးသေဆုံးပြီး (၄) ဉီးထိခိုက် ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်တွင် ယနေ့ ဇွန်လ (၂၈) ရက်နေ့ ကျောက်မဲမြို့ နယ်မြေ (၈) တွင် လက်နက်ကြီးကျ ရောက်ပေါက်ကွဲသောကြောင့်   မယ်သီလရှင်တစ်ပါးအဝင် အမျိုးသမီးသမီး (၄) ဉီး၊ အမျိုးသား(၂)ဉီးသေဆုံးပြီး အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးထိခိုက် ဒဏ်ရာရရှိသည့်အပြင် ရပ်ကွက်(၂)ရှိ နေအိမ်(၄)လုံးပျက်စီးခဲ့ပါသည်။


အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့်လာရောက် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဉယျာဉ်ကျောင်းတွင်းရှိ ကိုရင် (၅) ပါးကျည်စထိမှန်ပြီး ကိုရင်(၁)ပါးပျံလွန်တော်မှုကာ (၄)ပါး ထိခိုက် ဒဏ်ရာရရှိပြီးသည်။


လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဉီးသေဆုံးသည့်အပြင် မိုးကုတ် အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဉီး ထိမှန်ပွဲချင်းပြီးသေဆုံးသွားသည်။


ထို့အပြင် စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးထိခိုက်ပျက်စီးခဲ့သည်။အဆိုပါ တိုက်ပွဲပြင်းထန်မှုကြောင့် ကျောက်မဲမြို့ ၊ နောင်ချို၊ မိုးကုတ်မြို့နယ် ဒေသခံ သောင်းချီ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်။


ယမန်နေ့တွင်လည်း ကျောက်မဲမြို့မှာ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး  ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးနှင့်အမျိုးသမီးတစ်ဉီးထိမှန်ဒဏ်ရာရပြီး နောင်ချိုမြို့တွင် လည်း အမျိုးသားတစ်ဉီးထိမှန်ဒဏ်ရာနှင့် အမျိုးသမီး (၂) ဉီး ကျည်ထိမှန်သေဆုံးသွားသည်။ ထို့အပြင် ဇွန်လ ၂၆ ရက်နေ့သည် ကျောက်မဲမြို့မှာ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဉီးသေဆုံးပြီး (၁၅) ဉီးဒဏ်ရာရကာ ဇွန်လ ၂၅ ရက်နေ့သည်လည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ(၂) ဉီးသေဆုံးပြီး (၅) ဉီးထိခိုက်ဒဏ်ရာရရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၁)ဦးသေဆုံးပြီး (၄)ဉီးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်