288

မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် (၂)စီးဖြင့် ဗုံးလာကြဲ

ဒေသတွင်းသတင်း / ဒေသတွင်း
20 June 2024

မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ် (၂)စီးဖြင့် ဗုံးလာကြဲ


နမ့်ဆန်၊ ဇွန်လ ၂၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ယနေ့ ညနေ(၄း၅၅)အချိန်တွင် ဂျက်လေယာဥ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ပျက်ဆီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထို့အတူ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် (၈း၀၀)နာရီအချိန်တွင် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်။


ယမန်နေ့ ဇွန်လ (၁၉)ရက်နေ့ ညနေ (၅း၃၀)နာရီခွဲအချိန်တွင်လည်း မိုးကုတ်မြို့ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ (45)mm လက်နက်ကြီး အမျိုးအစားဖြင့် ဆလောင်းတောင်အနီးသို့ (၄)လုံးနှင့် ညနေ(၅း၈)မိနစ်အချိန်တွင် ညောင်ကုန်းရွာသို့ (၂)လုံး ပစ်ခတ်ခဲ့သည်။


ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် (၃)ဦးအသက်ပေးလှူခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


အလားတူ ဒေသခံပြည်သူလူထုအနေဖြင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး၊ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်ဆီးခဲ့ရသည်။


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ယနေ့ ညနေ(၆း၅၆)အချိန်တွင် ဂျက်လေယာဥ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်