285

မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
18 June 2024

မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး


မန်တုံ(ရူကော)၊ ဇွန်လ (၁၈)ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၃) စစ်ဒေသ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်။




ဇွန်လ (၁၇)ရက် နံနက် (၉)နာရီအချိန်တွင် အသက် (၃၄)နှစ်အရွယ် ယာအီဆေးသည် စစ်ကောင်စီ တပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီးတွင် ဟင်းသီးဟင်းရွက်သွားရှာစဥ် မြေမြှုပ်မိုင်း နင်းမိ၍ ပေါက်ကွဲကာ နေရာတွင်ပင် သေဆုံးသွားသည်။




တအာင်းပြည်အတွင်း ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများတွင် မိုင်းအန္တရာယ်နှင့် စစ်လက်နက်ကြွင်းကျန် အန္တရာယ်များ ရှိနေသေးသဖြင့် မိဘပြည်သူများအနေဖြင့် တောတောင်ထဲသို့ အလုပ်သွားသည်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များရှာဖွေသည်ဖြစ်စေ သတိပြုရန်တိုက်တွန်းလိုပါသည်။




ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲ၍ မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။ အလားတူ ဇွန်လ (၈)ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ပန်လော့ရွာ ထောင်မိုင်းပေါက်ကွဲ၍ အရပ်သားပြည်သူတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။


#မန်တုံ #မြေမြှုပ်မိုင်း #မိုင်းနင်းမိ

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်