282

နောင်ချိုတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
13 June 2024

နောင်ချိုတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ


နောင်ချို၊ ဇွန်လ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။





အုမ္မတီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ (၁၂)ရက်နေ့ ညဉ့်သန်ခေါင်ယံ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်တွင် သုံးဆယ်ရွာဘက်သို့ လက်နက်ကြီး (၃) ကြိမ်ပစ်ခတ်ပြီး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။





စစ်ကောင်စီတပ်သည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှမရှိသည့် ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရသည့် ရွာသားအချို့လည်းရှိသည်။ 


လွန်ခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှု(၁၇)ကြိမ် ပစ်ခတ်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန 

#စစ်ကောင်စီလက်နက်ကြီးပစ်ခတ်

#အရပ်သားထိခိုက်

Topics: တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
Tags: တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်