281

လားရှိုးမြို့အဝင် လမ်းကြောင်း(၃)နေရာကို စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီး

ဒေသတွင်းသတင်း / ဒေသတွင်း
13 June 2024

လားရှိုးမြို့အဝင် လမ်းကြောင်း(၃)နေရာကို စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီး

လားရှိုး၊ ဇွန်လ ၁၃ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ(၆) စစ်ဒေသ လားရှိုးမြို့အဝင် ကားလမ်းမ(၃)နေရာအား ယနေ့ ဇွန်လ (၁၃)ရက်နေ့တွင် မြေတူးစက်ဖြင့် မြောင်းဖောက် ဖျက်ဆီးခဲ့သည်။




စစ်ကောင်စီတပ်ဖွဲ့ ဖျက်စီးခဲ့သည့် အဆိုပါ ကားလမ်းမ(၃)နေရာသည် လားရှိုး - မိုင်းယော်သို့သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများအား ဖြတ်တောက်နေခြင်းဖြစ်သည်။





ထိုနည်းတူ ဇွန်လ (၁၂)ရက်နေ့ တွင် သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ - နမ္မတူလမ်းမအား မြေတူစက်ဖြင့် ကန့်လန့်ဖြတ် မြောင်းဖောက်ဖျက်ဆီးခဲ့သေးသည်။

အဆိုပါ စစ်ကောင်စီတပ်၏ လုပ်ရက်သည် တော်လှန်ရေးအင်အားစုများအား ဟန့်တားနိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သားပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် တပ်မဟာ(၆) စစ်ဒေသ လားရှိုးမြို့အဝင် ကားလမ်းမ(၃)နေရာအား ယနေ့ ဇွန်လ (၁၃)ရက်နေ့တွင် မြေတူးစက်ဖြင့် မြောင်းဖောက် ဖျက်ဆီးခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်