သီပေါ-နမ္မတူလမ်းကို ယာဉ်သွားလာမှု ဟန့်တားနိုင်ရန် စစ်ကောင်စီမှ မြောင်းဖောက်ဖျက်ဆီး
သီပေါ ၊ ဇွန်လ (၁၂)ရက်
တအာင်းပြည်နယ်သတင်း
တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ - နမ္မတူ လမ်းမကို စစ်ကောင်စီက လမ်းမအားမြောင်းဖောက်ကာ ယာဉ်များသွားလာလို့မရစေရန် ပြုလုပ်နေသည်။
သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်းဖြစ်သည်။
PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တာဖြစ်သည်။
တအာင်းပြည် နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များမှာ နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် ယခုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်ဆိုပြီး ပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေဌာန
#စစ်ကောင်စီလမ်းဖျက်ဆီး
မှတ်ချက်များ