279

မူးယစ်သုံးစွဲသူများအား PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
12 June 2024

မူးယစ်သုံးစွဲသူများအား PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး


နမ့်ဆန်၊ ဇွန်လ (၁၁) ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နမ့်ဆန်မြို၌ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲများကို PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးသည့်အခမ်းအနားကို ဇွန်လ (၁၁) ရက်တွင်ပြုလုပ်ခဲ့သည်။




တအာင်းပြည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် နမ္မတူ စသည့် မြိုနယ်မှ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲမှ ဖမ်းဆီးပြီး (၆)လကြာ အကျင့်စာရိတ္တပြုပြင်ရေးခစန်းတွင် ထားရှိပြီး အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်။




အချိုကမူ မိဘများကိုယ်တိုင် လာရောက်အပ်နှံပြီး စာရိတ္တပြုပြင်ပေးရန် တောင်းဆိုမှုများလည်းရှိသည်။





ထိုထဲတွင် လူဦးရေ (၅၀)ရှိပြီး အမျိုးသမီး (၂) ဦးလည်းပါဝင်ပါသည်။ ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပိုဆောင်ခံရပါက (၆) လ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို ပိုဆောင်ခံရမည်ဖြစ်သည်။





၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ စစ်ကောင်စီထိန်းချုပ်သည့် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊​နမ္မတူ မြိုများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLA အုပ်ချုပ်သည့်မြိုနယ်များတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။






#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေး 

#အကျင့်စာရိတ္တပြုပြင်ရေးစခန်း

Topics: မူးယစ်သုံးစွဲသူများအား PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး
Tags: တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်