278

မန်တုံစစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး မှိသွားရှာစဉ်မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရ

ဒေသတွင်းသတင်း / ဒေသတွင်း
12 June 2024

မန်တုံစစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး မှိသွားရှာစဉ်မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရ


မန်တုံ၊ ဇွန်လ ၁၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ မန်တုံမြို စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦးသည် စစ်ကောင်စီ၏ အမှတ် (၁၃၀)တပ်စခန်းဟောင်းအနီးတွင် မှိသွားရှာချိန် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားသည်။



ဇွန်လ (၁၁)ရက်တွင် နံနက် (၇း၃၀)အချိန်တွင်ဖြစ်ပွားခဲ့သည်။ ခြေထောက်ပြတ် ဒဏ်ရာရရှိသည့် အသက် (၁၆)နှစ်အရွယ် မိုင်းယာလေးအား မန်တုံဆေးရုံသို ပိုဆောင် ဆေးကုသမှုခံယူလျှက်ရှိသည်။


အလားတူ ဇွန်လ (၈)ရက်နေ့တွင်လည်း တအာင်းပြည် ကျောက်မဲမြို ပန်လော့ရွာတွင် စစ်ကောင်စီ ထောင်ထားသည့်မိုင်းကြောင့် အမျိုးသားတစ်ဦးနင်းမိပြီး ဒဏ်ရာပြင်ထန်ရရှိခဲ့သေးသည်။



#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန 

Topics: မန်တုံစစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး မှိသွားရှာစဉ်မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရ
Tags: တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်