272

မှိုထွက်ရှာသည့် ပန်လော့ရွာခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
11 June 2024

မှိုထွက်ရှာသည့် ပန်လော့ရွာခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ


ကျောက်မဲ၊ ဇွန်လ ၁၀ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြိုနယ်၊ ကျောက်မဲကြီးအုပ်စု၊ ပန်လော့ကျေးရွာ​နေ ဒေသခံတစ်ဦး မှိသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး လက်နှင့်ခန္ဓာကိုယ်တိုတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။


ဇွန်လ ၈ ရက်နေ့ နံနက်(၅း၃၀)ဝန်းကျင်တွင် ဦးစိုင်းသန်းဦး အသက်(၄၁)နှစ်သည် စစ်ကောင်စီတပ်စခန်းအနီး မှိသွားရှာနေစဥ် ယခုကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဒဏ်ရာရရှိခဲ့သည့် ဦးစိုင်းသန်းဦးအား ကျောက်မဲပြည်သူ့ဆေးရုံသို ပိုဆောင်ပေးကာ ဆေးဝါးကုသမှုခံယူလျက်ရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မှိုထွက်ရှာသည့် ပန်လော့ရွာခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ
Tags: တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်