271

စစ်ကောင်စီတပ်မှ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား လေကြောင်းမှတစ်ဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
09 June 2024

စစ်ကောင်စီတပ်မှ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား လေကြောင်းမှတစ်ဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်

မိုးမိတ်၊ ဇွန်လ ၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ PSLF/TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀)ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။





ယနေ့ ဇွန်လ ၉ ရက်နေ့၊ နေ့လည် (၄း၃၀)အချိန်တွင် မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား  စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။





ထို့နောက် ညနေ (၅း၀၅)အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံးအသုံးပြုကာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဇွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်မှ TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။






စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် (၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ PSLF/TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀)ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်