269

နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
06 June 2024

နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်

နမ့်ခမ်း၊ ဇွန်လ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိ PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်လျှက်ရှိပါသည်။










ဆေးဝါးသိုလှောင်မှုစနစ်နှင့် ဆေးရုံ၊ ဆေးခန်းအတွင်း ကျွမ်းကျင် အမှုထမ်းလုံလောက်မှုအခြေအနေနှင့် ခန့်အပ်သည့် ဆရာဝန်များအခြေအနေကို စစ်ဆေးသည့်အပြင် ဆေးပုလင်း၊ ဆေးထိုးအပ်များ စနစ်တကျစွန့်ပစ်မှုများကိုပါ စစ်ဆေးခဲ့သည်။










အများပြည်သူ ကျန်းမာရေးအတွက် ပိုမိုစိတ်ချယုံကြည်စေရန် အခုတစ်ကြိမ်မှာ အရေးယူမှုမပြုဘဲ သတိပေးသည့်အနေဖြင့်သာ စစ်ဆေးခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် သတ်မှတ်ချက်မပြည့်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ စည်းကမ်းမလိုက်နာသည့် ဆေးရုံဆေးခန်းများအား လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားမည်ဖြစ်ပြီး အရေးယူမှုများလည်းပြုလုပ်သွားမည်ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းတွင် သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ အသုံးပြုခြင်းရှိမရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို PSLF/TNLA အုပ်ချုပ်ရေးဌာနနှင့် ကျန်းမာရေးဌာနပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်