253

PSLF/TNLA ၏ ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်များထပ်မံဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
30 May 2024

PSLF/TNLA ၏ ရဲတပ်ဖွဲ့မှ တရားမဝင်ကျောက်များထပ်မံဖမ်းဆီးရမိ

နမ္မတူ၊ မေလ ၃၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့တွင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တရားမဝင်ကျောက်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။







မေလ ၂၉ ရက်နေ့ ယမန်နေ့ နေ့လည်(၁း၀၀) နာရီခန့်အချိန် မိုင်းရင် နှင့် လားရှိုးလမ်းခွဲတွင် မော်တော်ယာဥ်များအား စစ်ဆေးမှုပြုလုပ်နေစဥ် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် မော်တော်ယာဥ်တစ်စီးအား စစ်ဆေးရာ တရားမဝင်ကျောက်ကွင်းကြမ်း ၂၆၀ ထုပ်နှင့် ကျောက်ကြမ်း ၈ တုံး စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကျောက်များ သယ်ဆောင်လာသည့် ပြည်ကြီးတံခွန်မြို့နယ် အသက် ၃၈ နှစ်အရွယ် ကိုမင်းနိုင်ဆိုသူအား TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ မေလ ၂၆ ရက်နေ့ကလည်း နမ္မတူမြို့တွင် မန္တလေးမှ မူဆယ်သို့လာသည့် မော်တော်ယာဥ် ၂စီးအား စစ်ဆေးရာ ကျောက်ကြမ်း(၄၇၅) ထုပ်နှင့် ကျောက်ချော (၈၇) လုံး ဖမ်းဆီးရမိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့တွင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တရားမဝင်ကျောက်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်