252

မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄)ကြိမ်ထက်မနည်း ပစ်ခတ်

ဒေသတွင်းသတင်း / ဒေသတွင်း
30 May 2024

မိုးမိတ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄)ကြိမ်ထက်မနည်း ပစ်ခတ် 


မိုးမိတ်၊ မေ ၂၉ ရက်
တအာင်းပြည် သတင်း 

တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့တွင် ယနေ့ မေလ(၂၉)ရက်နေ့ နံနက်(၁)နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ 






စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူ၊ တိရိတ္ဆန်နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ဒေသခံများမှာမူ ကြောက်လန့် နေကြရသည်။ 

အဆိုပါ လက်နက်ကြီး ပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့တွင် တပ်စွဲအခြေချသည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး မိုးမိတ်မြို့နယ် ကုန်းမိုင်ကျေးရွာဘက်သို့ အကြောင်းမဲ့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 







ယင်းအပြင် မိုးမိတ်အမြို့တွင်း၌လည်း လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ တစ်ဖက်သက် ပစ်ခတ်ခဲ့သည်။ 

လက်ရှိ မိုးမိတ်မြို့၌ တပ်စွဲ‌အခြေချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့အတွင်းနှင့် အပစ်မဲ့ အရပ်သားလူထုရှိရာ ကျေးရွာများသို့  လက်နက်ကြီး၊ လက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံ့ နေကြရသည်။ 

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့တွင် ယနေ့ မေလ(၂၉)ရက်နေ့ နံနက်(၁)နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၄)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်