249

PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ မှ စစ်ဆေးမှုပြုလုပ်ရာ တရားမဝင် ကျောက်အများအပြားဖမ်းဆီးမိ

ဒေသတွင်းသတင်း / ဒေသတွင်း
28 May 2024

PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ မှ စစ်ဆေးမှုပြုလုပ်ရာ တရားမဝင် ကျောက်အများအပြားဖမ်းဆီးမိ


နမ္မတူ၊ မေလ ၂၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၄)စစ်ဒေသ နမ္မတူမြို့တွင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ရာ တရားမဝင်ကျောက်အများအပြားဖမ်းဆီးရမိခဲ့သည်။




ဖြစ်စဥ်တွင် မေလ ၂၆ ရက်နေ့တွင် PSLF/ TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မိုင်းရင်နှင့် လားရှိုးလမ်းခွဲတွင် မော်တော်ယာဥ်များအား စစ်ဆေးမှုပြုလုပ်စဥ်ချိန် ညနေ ( ၃: ၃၀) နာရီအချိန်တွင် မန္တလေးမှ မူဆယ်သို့ သွားသည့် ပါဂျဲရို နှင့် Crown ကားအား စစ်ဆေးရာ ကားအတွင်းပိုင်းထဲတွင် ကျောက်စိမ်းအများအပြား သိုဝှက်သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိသည်။






 အဆိုပါ ဖမ်းဆီးရမိထားသည့်ကျောက်တန်ဖိုးပမာဏတွင် အတိအကျမသိရသေးကြောင့် နမ္မတူစခန်းမှူးက ပြောသည်။ ဖမ်းဆီးရမိသည့်ကျောက်များသည် ကျောက်ကြမ်း (၄၇၅) ထုပ်နှင့် ကျောက်ချော (၈၇) လုံးဖြစ်သည်။


ကျောက်သယ်ဆောင်လာသည့် အသက် (၃၅ )နှစ်အရွယ် မင်းဆက်ပိုင်၊ အသက် (၃၅ )နှစ်အရွယ် ချမ်းမြေ့ကိုကိုနှင့် အသက် (၃၅) နှစ်အရွယ် သီဟတင်စိုး တို့အား PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၄)စစ်ဒေသ နမ္မတူမြို့တွင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ရာ တရားမဝင်ကျောက်အများအပြားဖမ်းဆီးရမိခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်