228

PSLF/TNLA ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ မိုင်းလုံမြို့နယ် ဒေသဖွံံ့ဖြိုးရေးအတွက် လူထုနှင့် တွေ့ဆုံဆွေးနွေး

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2024

PSLF/TNLA ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ မိုင်းလုံမြို့နယ် ဒေသဖွံံ့ဖြိုးရေးအတွက် လူထုနှင့် တွေ့ဆုံဆွေးနွေး

မိုင်းလုံ၊ မေ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့နယ်၊ မင်းကုန်းကျေးရွာတွင် PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများမှ  ဒေသဖွံံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် သွား‌ရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။





ထိုတွေ့ဆုံပွဲတွင် မိုင်းလုံမြို့နယ် PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးဌာနမှ ဗိုလ်က္လာင်ခူရ်နှင့်အဖွဲ့က ဒေသတွင်း စစ်ကောင်စီ ထုတ်ကုန်များ တင်သွင်း‌ရောင်းချခြင်းမပြုရန် အထူးပြောကြားဆွေးနွေးပြီး မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရန် ရှောင်ရန်များနှင့် ပြစ်မှုဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပြောကြားခြင်း၊ ဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်လုပ်ငန်း အပါအဝင် အခြားသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား အဆင့်မြင့်လုပ်ကိုင်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။





ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများကလည်း မိမိလုပ်ကိုင်သည့်လုပ်ငန်းနှင့် ပတ်သက်ပြီး  သိရှိလိုသည်များကို တင်ပြဆွေးနွေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိပ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ကျေးရွာအုပ်စု(၄)အုပ်စုရှိ ဒေသခံပြည်သူများ၊ လက်ဖက်လုပ်ငန်းအသင်းမှ တာဝန်ရှိသူများနှင့် လက်ဖက်လုပ်ငန်းကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းလုံမြို့နယ်၊ မင်းကုန်းကျေးရွာတွင် PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများမှ ဒေသဖွံံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် သွား‌ရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်