226

မိုးမိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး လယ်ထွန်နေစဥ် မြေမြုပ်မိုင်းနင်းမိ၊ လယ်တောအတွင်း စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်းများ အများအပြားရှိနေ

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2024

မိုးမိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး လယ်ထွန်နေစဥ် မြေမြုပ်မိုင်းနင်းမိ၊ လယ်တောအတွင်း စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်းများ အများအပြားရှိနေ

မိုးမိတ်၊ မေလ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး လယ်ထွန်နေစဥ် လယ်ထွန်စက်ဖြင့် မြေမြုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။






အဆိုပါ မြေမြုပ်မိုင်းသည် စစ်ကောင်စီတပ် ထောင်ထားသည့် ‌မြေမြုပ်မိုင်းဖြစ်ရာ ယင်းပေါက်ကွဲမှုကြောင့် လယ်ထွန်နေသည့် သရက်တောရွာခံ အမျိုးသား၏ လယ်ထွန်စက်ဘီးကိုသာ ထိမှန်ပျက်စီးခဲ့ပြီး လူတစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ချေ။






မိုးမိတ်မြို့နယ်တွင် သရက်တောကျေးရွာအပါအဝင် လယ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခံများ၏ လယ်တောအတွင်း၌ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ မြေမြုပ်မိုင်း အများအပြား ထောင်ထားလျက်ရှိသည်။






၎င်းအမျိုးသားတစ်ဦး၏ လယ်ခင်းအတွင်း မြေမြုပ်မိုင်း အနည်းဆုံး အလုံး(၃၀)ခန့် ရှိကြောင်းနှင့် အခြားသော နေရာများတွင်လည်း အများအပြားရှိနေသည်။

မိုးမိတ်မြို့နယ်တွင် ဒေသခံများက စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်နေကြပြီး စစ်ကောင်စီတပ်စခန်းနှင့် နီးသည့် ဒေသခံများ၏ လုပ်ငန်းခွင်များတွင် စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်း အန္တရာယ်ကို အလွန်စိုးရိမ်နေကြရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်လွတ်မြောက်ရေးတပ်မတော် - KIAနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးမိတ်မြို့၊ ရပ်ကွက်အတွင်းရှိ ဒေသခံများ၏ နေအိမ်များအား လိုက်လံဖောက်ထွင်းကာ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများ အတင်းအဓမ္မယူဆောင်သွားသည့် ဖြစ်စဥ်များ ရှိ‌ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး လယ်ထွန်နေစဥ် လယ်ထွန်စက်ဖြင့် မြေမြုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်