225

နမ့်ဆန်မြို့နယ် ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွား၊ အဖွားအိုတစ်ဦးနှင့် ကလေးငယ် ၂ ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2024

နမ့်ဆန်မြို့နယ် ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွား၊ အဖွားအိုတစ်ဦးနှင့် ကလေးငယ် ၂ ဦး သေဆုံး

နမ့်ဆန်၊ မေလ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦးနှင့် ကလေးငယ် ၂ ဦး မီးလောင်သေဆုံးသွားခဲ့သည်။





ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၈ ရက်နေ့ နံနက် (၂:၃၀) ဝန်းကျင်တွင် ယမန်ညက မီးကျွင်းမီးကျန်များကို သေချာငြိမ်းသတ်မှု မပြုလုပ်ခြင်းကြောင့် ထိုမီးစများမှတစ်ဆင့် လေတိုက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။





ထိုအိမ်အတွင်းတွင် မြေးအဖွား (၄)ဦး နေထိုင်ကြပြီး ယာအေမန် အသက်(၅၄)နှစ်သည် နှလုံးရောဂါရှိသောကြောင့် မီးလောင်နေစဥ် နေအိမ်အတွင်းပင် သတိလစ်မေ့မြောကာ မီးလောင်သေဆုံးသွားသည်။





အဖွားဖြစ်သူ ယာအေမန် သတိလစ်ပြီးနောက် ကျန်ရှိနေသည့် မြေးဖြစ်သူ မိုင်းအဇူ အသက်(၆)နှစ်နှင့် မိုင်းအိုက်ညီ အသက်(၄)နှစ်တို့နှစ်ဦးလည်း ကယ်တင်မည့်သူမရှိတာကြောင့် မီးလောင်သေဆုံးသွားခဲ့ရသည်။

​အခင်းဖြစ်ပွားနေစဥ် ဒေသခံများ သတင်း​ပေးပို့မှုကြောင့် PSLF/TNLA ၏ နမ္မတူမြို့ မီးသတ်တပ်ဖွဲ့မှ သွားရောက်ကူညီပေးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ခဲ့သည့်ဖြစ်စဥ်အား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင်းပြန်ကြားရေဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦးနှင့် ကလေးငယ် ၂ ဦး မီးလောင်သေဆုံးသွားခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်