224

စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်၊ ဒေသခံ(၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2024

စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာကို လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်၊ ဒေသခံ(၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

နောင်ချို၊ မေလ ၂၁ ရက်

တအာင်းပြည်တွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က မေလ(၁၅)ရက်နေ့ ည(၉) နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် (၆)ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့သည်။





အဆိုပါ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ(၂၇)ရက်နှင့် မေလ(၁၀)ရက်တို့တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုအတွင်း၌ ပြည်သူ (၂)ဦးသေဆုံးပြီး (၅)ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။





စစ်ကောင်စီတပ်၏ မေလ(၁၅)ရက်နေ့ ပစ်ခတ်မှုသည် ရွှေညောင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုး စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုဖြစ်ပြီး သုံးဆယ်ရွာခံဖြစ်သူ ကျား/မ စုစုပေါင်း(၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့သည်။





ထိခိုက်ဒဏ်ရာရရှိသူ(၇)ဦးအနက် ဒဏ်ရာပြင်းထန်သည့် (၃)ဦးကို ပြင်ဦးလွင်ဆေးရုံသို့လည်းကောင်း၊  ကျန်(၄)ဦးကို မိုင်းလုံပြည်သူ့ဆေးရုံသို့လည်းကောင်း ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူ‌‌စေခဲ့သည်။

စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူလူထုများရှိရာအရပ်သို့ လက် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာအုပ်စု၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က မေလ(၁၅)ရက်နေ့ ည(၉) နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် (၆)ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်