223

နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်ပြီ သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
21 May 2024

နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် အမျိုးသား ၂ ဦး ဓာတ်လိုက်ပြီ သေဆုံး

နမ့်ခမ်း၊ မေလ ၂၁ ရက်

တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် အမျိုးသား ၂ ဦးသည် ၎င်းတိုနေအိမ်အား ပြုပြင်ပေးနေစဥ်ဓာတ်လိုက် သေဆုံးခဲ့သည်။





ဖြစ်ဥ်မှာ မေလ ၁၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် သွပ်မိုးရန် သံချောင်းကို ဝရိန်ဆော်ရာမှ သံချောင်းကမီးကြိုးပေါ်ပြုတ်ကျသွားသောကြောင့် ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပါသည်။

၎င်းချိန်တွင် တစ်ဦးက ထိုနေရာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။ နောက်တစ်ဦးက နမ့်ခမ်းပြည်သူ့ဆေးရုံ လိုက်ပို့နေစဉ် လမ်းခုလပ်တွင် သေဆုံးခဲ့ပါသည်။





ထိုနေရာတွင် အလုပ်သမား ၄ ဦးက အလုပ်လုပ်ကြပြီး ၂ဦးက တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ပေ။ အဆိုပါ သေဆုံးသွားသည့် ပြည်သူ ၂ဦးသည် သာယာကုန်ရပ်ကွက်တွင်နေ အသက် (၃၄)နှစ်အရွယ် မိုင်းသန်းဦးနှင့် အောင်ချမ်းသာရပ်ကွက်နေ အသက် (၃၃)နှစ်အရွယ် မိုင်းမျိုးသန့်တို့ ဖြစ်ပါသည်။





၎င်းတို့ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် မီးသဂြိုလ်သည့်နေရာကို နမ့်ခမ်းကရုဏာပရဟိတလူမှုကယ်ဆယ်ရေးအသင်းနှင့် ရှမ်းပရဟိတအသင်းတို့ သွားရောက်ပို့ဆောင်ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၁)စစ်ဒေသ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်တွင် အမျိုးသား ၂ ဦးသည် ၎င်းတိုနေအိမ်အား ပြုပြင်ပေးနေစဥ်ဓာတ်လိုက် သေဆုံးခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်