219

နမ့်ခမ်းမြို့ အေးချမ်းသာယာရေးအတွက် PSLF/TNLA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
17 May 2024

နမ့်ခမ်းမြို့ အေးချမ်းသာယာရေးအတွက် PSLF/TNLA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်


နမ့်ခမ်း၊ မေလ ၁၇ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့တွင်း အေးချမ်းသာယာရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနှင့် နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။






ထိုဆွေးနွေးပွဲကို နမ့်ခမ်းမြို့ခမ်းမတွင်ပြုလုပ်ခဲ့ပြီး PSLF/TNLA ၏ နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီးတောင်တန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြေယာနှင့်သစ်တောထိန်းသိမ်းကာကွယ်ရေး ဌာနမှူး ဗိုလ်ကြီး အေဲမ့်ချို့မှ ရှားပါးမျိုးဇီဝ တိရစ္ဆာန်များ မျိုးတုံးပပျောက်မသွားအောင် ကာကွယ်ပေးရန်၊ မြေယာနှင့်သစ်တောပြဿာနာများဖြစ်ပွားလျှင် လာရောက်တိုင်ကြားနိုင်ရေးနှင့် ပြည်သူများလိုက်နာရမည့် မြေယာနှင့်သစ်တောဥပဒေများကို ရှင်းလင်းတင်ပြပေးခဲ့သည်။ 


ထို့အပြင် နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးဌာနက ဗိုလ်ကြီး ခြိူဝ်းဆငါး မှ နမ့်ခမ်းမြို့ အေးချမ်းသာယာလှပစေရေးအတွက် မြို့၊ ရပ်ကွက်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးတင်ပြပေးခဲ့သည်။






တက်ရောက်လာကြသည့် မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ၎င်းတို့၏ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်အေးချမ်းသာယာနှင့် ဖွံ့ဖြိုးတိုးရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို ဆွေးနွေးအကြံပြုပေးခဲ့ကြသည်။


အလာတူ နမ့်ခမ်းမြို့တွင် ယခင်ကထက် ပိုမိုအေးချမ်းသာယာစေရေးနှင့် မြို့ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြို့နယ်မှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၁၅ ရက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့သည်။



၎င်းအခမ်းအနားကို နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၇) ဉီး တက်ရောက်ခဲ့ပါသည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့တွင်း အေးချမ်းသာယာရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများနှင့် နမ့်ခမ်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်