214

ကွတ်ခိုင်မြို့ ရှုခင်းသာတွင် အင်တာနက်သုံးနေသည့် အမျိုးသား ၂ ဦး ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံရ

ဒေသတွင်းသတင်း / ဒေသတွင်း
16 May 2024

ကွတ်ခိုင်မြို့ ရှုခင်းသာတွင် အင်တာနက်သုံးနေသည့် အမျိုးသား ၂ ဦး ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံရ

ကွတ်ခိုင်၊ မေလ ၁၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈) ရှုခင်းသာတွင် မေလ ၁၄ ရက်နေ့ ည (၈း၃၀)အချိန်တွင် အင်တာနက်လာရောက် အသုံးပြုနေသည့် အမျိုးသား (၂)ဦးထံမှာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသည်။





လုယက်ခံရသူသည် မိုင်းအအေးနှင့် မိုင်းအငေ; ဖြစ်ပြီး ဟိုကျန့်ကျေးရွာမှ ကွတ်ခိုင်မြို့ ရပ်ကွက်(၈) ရှုခင်းသာတွင် အင်တာနက်လိုင်း လာရောက်အသုံးပြုနေစဥ် အမည်မသိ လူ(၃)ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး မိုင်းအအေးနှင့် မိုင်းအငေ;တို့ (၂)ဦးအား ဓားထောက်ကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ၎င်းတို့၏ ဖုန်းနှင့်ဆိုင်ကယ်အား လုယူထွက်ပြေးသွားခဲ့သည်။





ထိုကဲ့သို့ ထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် မိုင်းအအေးနှင့် မိုင်းအငေ;တို့၏မျက်နှာတွင် ဖူးယောင်ဒဏ်ရာရရှိခဲ့သည်။





ထိုသို့ လုယက်ထွက်ပြေးသွားသည့် တရာခံများကို အမြန်ဆုံးဖမ်းဆီအရေးယူနိုင်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံစစ်ဆေးဆောင်ရွက်နေပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈) ရှုခင်းသာတွင် မေလ ၁၄ ရက်နေ့ ည (၈း၃၀)အချိန်တွင် အင်တာနက်လာရောက် အသုံးပြုနေသည့် အမျိုးသား (၂)ဦးထံမှာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်