211

နမ့်ဆန်မြို့နယ် အုမ်းတက်ရွာတွင် မီးလောင်မှုဖြစ်ပွား၊ ပြည်သူတစ်ဦးမီးထဲပါသွားပြီး နေအိမ် ၃ အိမ်ပြာကျ

ဒေသတွင်းသတင်း / ဒေသတွင်း
16 May 2024

နမ့်ဆန်မြို့နယ် အုမ်းတက်ရွာတွင် မီးလောင်မှုဖြစ်ပွား၊  ပြည်သူတစ်ဦးမီးထဲပါသွားပြီး နေအိမ် ၃ အိမ်ပြာကျ

နမ့်ဆန်၊ မေလ ၁၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်အုပ်စု၊ အုမ်းတက်ကျေးရွာတွင်  မီးလောင်မှုဖြစ်ပွားရာ ပြည်သူတစ်ဦး မီးထဲပါသွားပြီး နေအိမ် (၃)အိမ်ပြာကျသွားခဲ့သည်။





ဖြစ်စဥ်မှာ ယမန်နေ့ နံနက် (၅း၀၀) နာရီဝန်းကျင်အချိန်တွင် ယာမယ်ကျော်ထွန်းဆိုသည့် နေအိမ်တွင် မီးအကြွင်းအကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘေးအိမ်ကပ်လျပ် နေအိမ် ၂ အိမ်ပါ မီးကူးစက်လောင်ကျွမ်းသွားကာ နေအိမ်အတွင်းအိပ်ပျော်နေသည့် အသက် (၂၀) ကျော်အရွယ် မိုင်းအောင် ဆိုသူတစ်ဦး မီးအတွင်းပါသွားခဲ့သည်။





သေဆုံးသွားသည့် မိုင်းအောင်သည် ဆွံ့အနားမကြားဝေဒနါသည်တစ်ဦးဖြစ်ပြီး မီးလောင်မှုဖြစ်ပွားချိန် ရုန်းမထွက်နိုင်တာကြောင့် မီးလောင်မှုအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။


မီးလောင်ကျွမ်းသွားသည့်အိမ်သည် သွပ်ပျဥ်ထောင်နှစ်ထပ်အိမ်ဖြစ်ပြီး မီးအရှိန်များတာကြောင့် ဘေးအိမ်နှစ်အိိမ််ပါကူးစပ်လောင်ကျွမ်းခဲ့ကာ နေအိမ်အတွင်းပစ္စည်းများအားလုံး မီးအတွင်းပါသွားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ PSLF/ TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး မီးလောင်ပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ် ၃ အိမ်၏ မိသားစုဝင်များအား PSLF/ TNLA အုပ်ချုပ်ရေးဌာနမှ ကူညီ​ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

# PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ကွမ်ဟယ်အုပ်စု၊ အုမ်းတက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ ပြည်သူတစ်ဦး မီးထဲပါသွားပြီး နေအိမ် (၃)အိမ်ပြာကျသွားခဲ့သည်။
Tags: တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်