207

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ယာဥ်မောင်း သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
15 May 2024

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ယာဥ်မောင်း သေဆုံး


ကွတ်ခိုင်၊ မေလ ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအထက် ရူခင်းသာတောင်ခြေတွင် ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် (၉း၃၀)အချိန်က ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ် ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့သည်။





ဆိုင်ကယ်ယာဥ်မောင်းသည် နမ့်ခိုင်ကျေးရွာမှ ကွတ်ခိုင်သို့သွားနေစဥ် ရှုခင်းသာအရောက်တွင် ရှေ့ကကုန်တင်ကားကို ဖြတ်ကျော်လိုက်သည့် အချိန် ရှေ့ကမောင်းနှင်လာသည့်ကားနှင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် ဒဏ်ရာပြင်းထန်နေသည့် ဆိုင်ကယ်ယာဥ်မောင်းအား ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။





သေဆုံးသွားသူ ဆိုင်ကယ်ယာဥ်မောင်းသည် ဦးဆိုင်နယ် အသက် (၃၉) နှစ် ဖြစ်ပြီး နမ့်ခိုင်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။


ထို့နောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥပဒေစိုးမိုးရေးအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။




အလားတူ မေလ ၁၀ ရက်နေ့ကလည်း ဂေါက်ကွင်းအနီးရှိ စိုက်ပျိုးရေးခြံရှေ့တွင် ဆိုင်ကယ်နှင့် ကျွဲဝင်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်းတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။


PSLF/TNLA အုပ်ချုပ်ရေးဌာနမှ တအာင်းပြည်အတွင်း လမ်းစည်းကမ်း၊ ယာဥ်စည်းကမ်းများ ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ ပြည်သူလူထုများအနေဖြင့်လည်း အသက်အန္တရာယ် မဖြစ်ပွားအောင် ယာဥ်များ အထူးသတိပြုမောင်းနှင်ကြရန် လိုအပ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအထက် ရူခင်းသာတောင်ခြေတွင် ယမန်နေ့ မတ်လ ၁၃ ရက်နေ့ နံနက် (၉း၃၀)အချိန်က ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ် ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်