206

၂ ပတ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းကြောင့် ဒေသခံ ၅ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
15 May 2024

၂ ပတ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းကြောင့် ဒေသခံ ၅ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ


မေလ ၁၄ ရက်

တအာင်းပြည်တွင်းသတင်း


တအာင်းပြည်၊ တပ်မဟာ (၃)စစ်ဒေသ မန်တုံမြို့နယ်၊ တပ်မဟာ (၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ် နှင့်တပ်မဟာ (၆)စစ်ဒေသ လားရှိုးမြို့နယ်တို့တွင် မေလ (၂)ပတ်အတွင်းတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။




အဆိုပါ ဖြစ်စဥ်တွင် မေလ ၁၂ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် ကလေး (၅)ဦးက မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးအားကောက်ယူဆော့ကစားရာမီ ပေါက်ကွဲမှုဖြစ်ပွားပြီး (၁)ဦးသေဆုံ၊ (၄)ဦး ဒဏ်ရာရရှိကာ ၄ ဦးအနက် (၂)ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။


အလာတူ မေလ ၂ ရက်နေ့တွင်လည်း လားရှိုးမြို့နယ် မိုင်းကျက်ရွာတွင် ကိုရင်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့က ရွာအတွင်း လှည်းဖြင့် အုပ်သယ်နေစဥ် မိုင်းနင်းမိပြီး ပေါက်ကွဲရာမှ ၎င်းတို့ (၂)ဦးလုံးသေဆုံးသွားသည်။




ထို့အတူ မယ်ဟန်ရွာက ရွာသားတစ်ဦးသည် မီးသွေးသွားဖုတ်ရန်သွားစဥ် (၁)လ ကျော်ကြာပျောက်ဆုံးသွားပြီး မေလ(၉)ရက်နေ့တွင် လိုက်လံရှာဖွေရာ မိုင်းနင်းမိပြီးသေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။


ထို့အပြင် မေလ ၆ ရက်နေ့တွင် သိန္နီမြို့နယ် ကောင်းဟော်ရွာက အမျိုးသား (၂)ဦးသည် ကက်သလစ်ဘုရားကျောင်းအတွင်း သန့်ရှင်ရေးလုပ်နေစသင် မိုင်းနင်မိပြီး တစ်ဦးသေဆုံးသွားကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။




မေလ ၁ ရက်နေ့တွင်လည်း မန်တုံမြို့နယ် မန်စပ်ရွာသား ၂ဦးက ငါးမိုင်းရှော့ရန်သွားစဥ် ၄င်းတို့ယူဆောင်လာသည့်မိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မိုင်းစထိမှန် ဒဏ်ရာပြင်းထန်မှုရရှိခဲ့သည်။


ထိုမိုင်းများနှင့် တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက ဖယ်ရှားရှင်းလင်းနိုင်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ သတင်းပေးပို့ အကြောင်းကြားရန် လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၃)စစ်ဒေသ မန်တုံမြို့နယ်၊ တပ်မဟာ (၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ် နှင့်တပ်မဟာ (၆)စစ်ဒေသ လားရှိုးမြို့နယ်တို့တွင် မေလ (၂)ပတ်အတွင်းတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်