205

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
14 May 2024

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ


နမ့်ဆန်၊ မေလ ၁၄ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရပြီး ၂ ဦးသေဆုံးခဲ့သည်။




ဖြစ်စဥ်မှာ မေ ၁၀ ရက်နေ့ ညပိုင် ၈း၀၀ နာရီ ဝန်ကျင်းတွင် စစ်ကောင်စီတပ် တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၁ တပ်က အုမ္မသီး ကျေးရွာမှ သုံးဆယ်ရွာသို့ လက်နက်ကြီး ၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့သည်။




ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ဦးစံရွှေ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူ (၆)ဦးအနက် ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ နှစ်ဦးမှာ ဦးစံရွှေ(အိမ်ထောင်ဦးစီ) အသက် (၆၂) နှစ်၊ မဝင်းဝင်းပြုံး အသက် (၂၄) နှစ် ဖြစ်ပြီး၊ ဒဏ်ရာရသူ လေးဦးမှာ ဦးစံရွှေ ၏ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁) နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်၊ သမက်ဖြစ်သူ မောင်အေးချမ်းနှင့်မောင်မြင့်ဇော်ဦး တို့ဖြစ်ပါသည်။




ဒဏ်ရာရသူ ၄ ဦးအား ပြင်ဦးလွင်ဆေးရုံသို့ ပိုဆောင်းပေးခဲ့ပြီး သေဆုံးသူ (၂)ဦးကို ကျေးရွာပြည်သူများမှ မီးသင်္ဂြိုလ်ပေးခဲ့သည်။


ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီးတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နေအိမ် ၂ လုံးနှင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာသို့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရပြီး ၂ ဦးသေဆုံးခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်