204

ကွတ်ခိုင်တွင် ဆိုင်ကယ်နှင့်ကျွဲတိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2024

ကွတ်ခိုင်တွင် ဆိုင်ကယ်နှင့်ကျွဲတိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး


ကွတ်ခိုင်၊ မေလ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ဂေါက်ကွင်းအနီးရှိ စိုက်ပျိုးရေးခြံရှေ့တွင် ဆိုင်ကယ်ယာဥ်မောင်းတစ်ဦး ကျွဲတစ်ကောင်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။




မိုင်းညီမန်းနှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ မိုင်းအိုက်ဖီတို့နှစ်ဦးသည် မန်ထမ်ကျေးရွာမှ သိန္နီမြို့သို့ အလုပ်လုပ်ရန်သွားနေစဥ် ည(၈း၀၀)အချိန်တွင် ဆိုင်ကယ်မီးမရှိတာကြောင့် ကျွဲအားဝင်တိုက်ခဲ့ခြင်းဖြစ်သည်။




ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဥ်မောင်းမိုင်းညီမန်းသည် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး နောက်လိုက်သူ မိုင်းအိုက်ဖီမှာ ဒဏ်ရာရရှိခဲ့သည်။


သေဆုံးသွားသည့် မိုင်းညီမန်းရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးမှုပြုလုပ်ရန် PSLF/TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ကွတ်ခိုင်ဆေးရုံသို့သယ်ဆောင်သွားခဲ့ပြီး စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ဂေါက်ကွင်းအနီးရှိ စိုက်ပျိုးရေးခြံရှေ့တွင် ဆိုင်ကယ်ယာဥ်မောင်းတစ်ဦး ကျွဲတစ်ကောင်တိုက်မိပြီး ဆိုင်ကယ်ယာဥ်မောင်း ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်