203

ကွတ်ခိုင်မြို့နယ်တွင် အမှိုက်မီးရှို့ရာမှ ဂတ်စ်ဗူးပေါက်ကွဲမှုဖြစ်ပွားပြီး မီးရှို့သူအမျိုးသမီးထိခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2024

ကွတ်ခိုင်မြို့နယ်တွင် အမှိုက်မီးရှို့ရာမှ ဂတ်စ်ဗူးပေါက်ကွဲမှုဖြစ်ပွားပြီး မီးရှို့သူအမျိုးသမီးထိခိုက် 


ကွတ်ခိုင်၊ မေလ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အမှိုက်များမီးရှို့ရာမှ အမှိုက်တွင် ပါလာသည့် ဂတ်စ်ဗူးပေါက်ကွဲပြီး မီးရှို့သူ၏ မျက်လုံးအား ထိမှန်သည့်အတွက် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။ 


ဖြစ်စဥ်မှာ အသက် (၅၈)နှစ်အရွယ်ရှိ ယာအေးအေးသည် ၎င်းအိမ်ခြံဝန်းအတွင်းရှိ အမှိုက်များကို မီးရှို့ဖျက်ဆီးရာ အမှိုက်ထဲတွင် ပါလာသည့် ဂတ်စ်ဗူးအဟောင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ၎င်း၏ ညာဘက်မျက်လုံးအား ထိမှန်သွားခဲ့သည်။





ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၎င်းအိမ်နီးနားချင်းတစ်ဦးက မြင်တွေ့ခဲ့ပြီး ယာအေးအေးအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေလျက်ရှိသည်။ 




နောင်တွင် ထိုကဲသို့ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှ 

ပြည်သူများအား အမှိုက်စနစ်တကျ စွန့်ပစ်ရန်အတွက် ပညာပေးမှု၊ အရေးယူဆောင်ရွက်မှုအား အရှိန်မြှင့်ကာ လုပ်ဆောင်သွားရန် အထူးလိုအပ်သလို၊ ပြည်သူများအနေဖြင့် ဘေးကင်းရန်အတွက် အမှိုက်များ စနစ်တကျစွန့်ပစ်လိုအပ်ပါကြောင်း ယခုဖြစ်ရပ်မှ မီးမောင်းထိုးပြလိုက်သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အမှိုက်များမီးရှို့ရာမှ အမှိုက်တွင် ပါလာသည့် ဂတ်စ်ဗူးပေါက်ကွဲပြီး မီးရှို့သူ၏ မျက်လုံးအား ထိမှန်သည့်အတွက် မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရသည်။
Tags: တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်