202

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Focal Person Training ကို (၈) ကြိမ်မြောက် သင်တန်းပို့ချ

ဒေသတွင်းသတင်း / ဒေသတွင်း
13 May 2024

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Focal Person Training ကို (၈) ကြိမ်မြောက် သင်တန်းပို့ချ


နမ္မတူ၊ မေလ ၁၃ ရက်
တအာင်းပြည်တွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နမ္မတူ မြို့နယ်ရှိ ကျေးရွာ (၁၄) ရွာမှ ဒေသခံအမျိုးသမီး(၂၈) ဦးခေါ်ယူပြီး Focal person Training သင်တန်း ပို့ချပေးခဲ့ပါသည်။




အဆိုပါ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ပို့ချပေးသည့်သင်တန်းမှာ အခြေခံလူအခွင့်အရေး ဘာသာရပ်၊ အမျိုးသမီးအခွင့်အရေးဘာသာရပ်၊ Public Speaking Skill ဘာသာရပ်တို့ကို (၅)ရက်တိုင်တိုင် ပို့ချပေးခဲ့ပါသည်။







သင်တန်းတွင် ရပ်ရွာများအတွင်း လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးပညာပေးလုပ်ငန်းများကို အမျိုးသမီးများမှ ဦးဆောင်ပြီး လုပ်ဆောင်နိုင်ရန်၊ အကယ်၍ ရပ်ရွာထဲတွင် အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက သင်တန်းတက်ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်မှတဆင့် အမျိုးသမီးရုံးသို့ တိုင်ကြားတက်စေရန် သင်ကြားပြသပေးပါသည်။ 






အဆိုပါ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ပို့ချပေးသည့်သင်တန်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး သိရှိနားလည်ရန်၊ အမျိုးသမီးများကိုယ်တိုင် မိမိတို့ ရပိုင်ခွင့်အခွင့်အရေးအား ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ပညာပေးသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နမ္မတူ မြို့နယ်ရှိ ကျေးရွာ (၁၄) ရွာမှ ဒေသခံအမျိုးသမီး(၂၈) ဦးခေါ်ယူပြီး Focal person Training သင်တန်း ပို့ချပေးခဲ့ပါသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်